FAQs

FAQs

ရနိုင်ပါသည်။ ကျွန်ုပ်တို့၏ Toyomax Power Station အကြောင်းအသေးစိတ်ကိုပိုမိ လေ့လာလိုပါကကျွန်ုပ်တို့၏ အရောင်းပြခန်းသို့ လာရောက်မေးမြန်းနိုင်ပါသည်။ ထို့အပြင်ကျွန်ုပ်တို့ Power Station နှင့်ပက်သက်၍ သင်မေးမြန်းလိုသည့် မေးခွန်းများကို အီးမေးလ် သို့မဟုတ် ဖုန်းဖြင့်လည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ မည်သည့်စုံစမ်းမေးမြန်းမှုကိုမဆို ကျွန်ုပ်တို့ထံတွင်အခမဲ့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
အရေးပေါ်အခြေအနေ သို့မဟုတ် Power Station နှင့်ပတ်သက်၍ စိုးရိမ်မှုများရှိပါက မိမိ၀ယ်ယူခဲ့သည့် သက်ဆိုင်ရာအရောင်းဌာနသို့လည်းကောင်း ၊ ကုမ္ပဏီ၏ Service Center သို့ လည်းကောင်းဆက်သွယ်၍ ကျွမ်းကျင်ပညာရှင် များထံမှ အကူအညီရယူပါ ။

မရနိုင်ပါ။ ကျွန်ုပ်တို့၏ ပါ၀ါဘဏ်ဘက်ထရီများအား အခြားသော အားသွင်းကိရိယာများ ဖြင့်အသုံးပြု၍ အားသွင်းခြင်းကို တင်းကြပ်စွာတားမြစ်ထားပါသည်။

မရနိုင်ပါ။ ကျွန်ုပ်တို့ကုမ္ပဏီမှထုတ်လုပ်ထားသည့် ဘတ်ထရီများ ကိုအခြားသောပြင်ပကုမ္ပဏီများမှ ထုတ်လုပ် လုပ်ထားသည့် ဘတ်ထရီများဖြင့် အစားထိုးအသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်ထားပါသည်။

Power Station တွင် အပူလွန်ကဲခြင်းမှ ကာကွယ်ရန်အလိုအလျောက်လည်ပတ်စေမည့် ပန်ကာ(များ) တပ်ဆင် ထားပါသည်။

ဖုန်တက်နေသော Power Station ကိုသန့်ရှင်းရေးပြုလုပ်လိုပါက နူးညံ့ခြောက်သွေ့သော မျက်နှာသုတ်ပုဝါ သို့မဟုတ် အဝတ်စဖြင့် ညင်သာစွာသုတ်၍သန့်ရှင်းပေးပါ။
အချိန်အကြာကြီးအသုံးမပြုဖြစ်ပါက အပူချိန် 25-55°C ရှိသောခြောက်သွေ့သောပတ်ဝန်းကျင်တွင်သိမ်းဆည်းသို လှောင်ထားရပါမည်။ အင်ဗာတာအား အချိန်ကြာမြင့်စွာအသုံးမပြုဖြစ်ပါက ဘက်ထရီကို လေးလ တစ်ကြိမ် သို့မဟုတ် ခြောက်လ တစ်ကြိမ် အားသွင်းထားရန် လိုအပ် ပါသည်။

ရပါသည်။ Toyomax Power Station ကို ဆိုလာပါဝါ အသုံးပြု၍ အားသွင်းနိုင်စွမ်းရှိပါသည်။

ခန့်မှန်းခြေအသုံးပြုနိုင်ချိန် (Hrs) = Power Station သိုလှောင်နိုင်စွမ်း (Wh) / သုံးစွဲမည့်စက်၏ Load ဆွဲအား (W)

စမတ်ဖုန်းများ၊ လက်ပ်တော့များနှင့် ကင်မရာများမှ ပါဝါပိုမြင့်သော အဲယားကွန်း၊ တီဗီ နှင့် ကျောက်စက်၊ ဖောက်စက်များကဲ့သို့သော စက်ပစ္စည်းများအထိ ကိရိယာအစုံအလင်ကိုအားသွင်းခြင်းဖြင့်ဘက်စုံအသုံးပြုနိုင်ပါသည်။ အခြားသော စက်ပစ္စည်းများကိုလည်း Power Station ၏ စွမ်းရည်နှင့် သတ်မှတ် Load အားပေါ်မူတည်၍ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

Power Station များသည် လောင်စာလောင်ကျွမ်းမှုမှတစ်ဆင့် လျှပ်စစ်ဓာတ်ထုတ်ပေးသည့် သမားရိုးကျ မီးစက်များနှင့်မတူဘဲ ဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားဖြင့် အားသွင်းအသုံးပြုရသည့်ပစ္စည်းဖြစ်ပါသည်။ ထို့ကြောင့်  Power Station သည် ပိုမိုတိတ်ဆိတ်စွာ လည်ပတ်နိုင်ပြီး ဓာတ်ဆီထည့်ရန်မလိုသည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သောစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါသည်။ အန္တရာယ်ရှိသော ဓာတ်ငွေ့များ ထုတ်လွှတ်မှု ကင်းမဲ့ကာ အိမ်တွင်း အသုံးပြုရန်အတွက် သင့်လျော်ပါသည်။

ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်ပါသည်။ Power Station များကို အိမ်တွင်း၌လုံခြုံစွာအသုံးပြုနိုင်‌ရေးအတွက် ဖန်တီးထားခြင်းဖြစ်ပါသည်။ သမားရိုးကျ ဂျင်နရေတာမီးစက်များနှင့် မတူဘဲ Power Station များသည် ကာဗွန်မိုနောက်ဆိုဒ် သို့မဟုတ် အခြားသော အန္တရာယ်ရှိသောဓာတ်ငွေ့များကို မထုတ်လွှတ်ပါ။ မည်သို့ပင် ဆိုစေကာမူ၊ လေဝင်လေထွက်ကောင်းပြီး မီးလောင်လွယ်သောပစ္စည်းများနှင့် ဝေးသည့်နေရာတွင်ထားရှိအသုံးပြုရန် အရေးကြီးပါသည်။

ကျွန်ုပ်တို့ Website ၏ “Contact Us” စာမျက်နှာမှတဆင့်ဖြစ်စေ၊  support@example.com သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်ဖြစ်စေ ကျွန်ုပ်တို့၏ Customer Service Team ထံသို့ဆက်သွယ်နိုင်ပါသည်။ အကယ်၍ ချက်ချင်းအကူအညီလိုအပ်ပါက ကျွန်ုပ်တို့ ဝဘ်ဆိုဒ်ရှိ ပေးထားသော Hotline ဖုန်းနံပါတ်များကိုခေါ်ဆိုခြင်းဖြင့် လည်း ကျွန်ုပ်တို့၏ Customer Service Team ထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ကျွန်ုပ်တို့၏ Customer Service Team ထံသို့ (မြန်မာစံတော်ချိန်) တနင်္လာနေ့ မှ စနေနေ့အထိ နံနက် ၉း၀၀ မှ ညနေ ၅း၀၀ အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ Customer များ၏ မေးမြန်းမှုအားလုံးကို 24 နာရီအတွင်း ဖြေကြားပေးနိုင်ရန် ကြိုးစားသွားပါမည်။